အျပာစာအုပ္

အပြာစာအုပ် (ခေတ်အခေါ် အောစာအုပ် သို့မဟုတ် ဖောင်းဒိုင်းစာအုပ်)

ညီကိုတို့ရော အပြာစာအုပ်တွေကို ဘယ်အရွယ်လောက်တုန်းက စဖတ်ခဲ့ကြဘူးလေ…. ကျွန်တော်ကတော့ အသက် ၄၀ ကျော်ဆိုတော့ ဟိုးကျောင်းသားဘဝတုန်းက လွယ်အိတ်ထဲမှာ ခိုးဖွက်ယူလာပြီး ကျောင်းအိမ်သာထဲမှာ သွားပြီးခိုးဖတ်ရတဲ့အချိန်ကတည်း ဖတ်ခဲ့ဖူးတာပေါ့….

အဲ့တုန်းက အပြာစာအုပ်ယူလာတဲ့ သူငယ်ချင်းက စာအုပ်ကို အတန်းထဲယူလာရင် ဆရာမတွေက လက်ပူးလက်ကြပ်မိမှာဆိုးလို့ ယောကျာ်းလေးအိမ်သာထဲမှာ ဖွက်ထားခဲ့တယ်။ ဖွက်ထားခဲ့တာမှ ရတနာသိုက်ဝှက်သလို ဝှက်ခဲ့တာပေါ့… ဥပမာ ယောကျာ်လေးအိမ်သာ ဒုတိယအခန်း ခေါင်မိုးရဲ့ တတိယထုတ်တန်းကြား အဲ့လိုမျိုး ဝှက်ခဲ့တာ… ပြီးတော့မှ အတန်းထဲက သူငယ်ချင်းတွေကို ရတနာသိုက်နေရာကို အသိပေးတယ်။ အကုန် အလှည့်ကျ အိမ်သာပြေးကြတာပေ့ါ… ဆရာမတွေကတော့ ဒီကလေးတွေ ဒီနေ့ အိမ်သာခနခန သွားလှချေလားလို့တွေးနေမှာပဲ…. ပြန်လာတဲ့ကောင်တွေရဲ့မျက်နှာက် စပ်ဖြဲဖြဲ…. ပြီးရင် ဖတ်လာတဲ့အကြောင်းတွေကို အချင်းချင်းပြန်ပြီး စမြုံ့ပြန်ကြ…. အတော် စိတ်လှုပ်ရှားပြီးပျော်စရာကောင်းခဲ့တာပဲ…

ဒါက မျှဝေချင်စိတ်ရှိပီး သဘောကောင်းတဲ့ဘော်ဒါမျိုးပေါ့…. တစ်ချို့ကောင်တွေကတော့ ရှိသေးတယ်… အပြာစာအုပ်ယူလာတယ်။ ဖတ်ချင်ရင် ဘယ်လောက်ပေးဆိုပြီး ကျောင်းထဲမှာကို ပိုက်ဆံနဲ့ငှားဖတ်တဲ့ကောင်ရှိတယ်။ ကျောင်းမှာမဖတ်ချင်ရင် အိမ်ကိုငှားသွားလို့ရတယ်။ ဘယ်လောက်ပေးဆိုပြီး အိမ်ငှားတဲ့ကောင်ရှိတယ်။ အဲ့လို ကောင်မျိုးဆိုရင်တော့ သိပ်မကြည်ကြဘူး… အဲ့ဒီတော့ ကိုယ်တွေထဲက ဉာဏ်အကောင်ဆုံးကောင်အတွက် ပိုက်ဆံစိုက်ပေးပြီး အဲ့အပြာစာအုပ်ကို ငှားလိုက်တယ်။ ဉာဏ်ကောင်းတဲ့ကောင်ကို ဖတ်ခိုင်းပြီးတော့ ဒီကောင့်ကို ပြန်ပြောပြခိုင်းတယ်…အဲ့နေရာမှာလည်း ဉာဏ်ကောင်းတိုင်းမရဘူး..စိတ်ဝင်စားစရာကောင်းအောင် ဖွဲ့နှဲ့ပုံဖော်ပြီး ရှင်းပြနိုင်တဲ့ကောင် မှပိုအဆင်ပြေတာပေါ့…..

အဲ့တုန်းက အပြာစာအုပ်ဆိုတာမှာလည်း ၂ မျိုးရှိတယ်.. ရုပ်ပြလား… စာတွေကြီးပဲပါတဲ့ စာအုပ်လားပေါ့… ကျွန်တော်ကတော့ ရုပ်ပြထက် စာတွေကြီးပဲဖတ်ရတာ ပိုကြိုက်တယ်… ကိုယ့်ဖာသာကို စိတ်ထဲပုံဖော်ရတာကို ပိုသဘောကျသလိုပဲ.. ဘဝမှာ ပထမဆုံးဖတ်ဖူးတဲ့ အပြာစာအုပ်နာမည်ကို အခုထိ စွဲစွဲမြဲမြဲမှတ်မိနေသေးတယ်… “တို့အချစ်က ဒါမျိုး” ဆိုတဲ့ စာအုပ်…အခု ပြန်ရှာကြည့်တော့ ရှာလို့မတွေ့တော့ဘူး…တော်တော်ဟောင်းခဲ့ပြီးကိုး………

အဲ့တုန်းက အပြာစာအုပ်တွေရဲ့ အရေအသွေးကလည်း ပါးပါးမှိန်မှိန်… ခိုးပြီးပုံနှိပ်ရတာဆိုတော့ အရေအသွေးက တော်တော်လေး လျော့တယ်.. ဒါပေမယ့် အဲ့လိုအရေအသွေးလျော့တာလေးကို တိတ်တဆိတ်ဖတ်ရတာကပဲ အတော်အရသာရှိ စိတ်လှုပ်ရှားခဲ့ရတာ….. ကျနော်တို့နေတဲ့အရပ်မှာတော့ တော်တော်ရှာရခက်တာ… အဲ့တုန်းက ရန်ကုန်လို့မျိုးမှာတော့ အပြာစာအုပ် အငှားဆိုင်ပါ ရှိတယ်လို့ကြားဖူးတာပဲ..ကိုယ်တိုင်တော့ မတွေ့ဖူးခဲ့ပါဘူး…..

အဲ့ဒီကနေမှ အင်တာနက်ဆိုတာ ခေတ်စားလာပြီးတဲ့နောက် အပြာစာအုပ် တွေ online ပေါ်ရောက်လာတယ်။ PDF format တွေနဲ့ ဒေါင်းပြီးဖတ်လို့ရတယ်။ အချို့ blogspot တွေမှာ ဖတ်လို့ရတယ်။ ဒါပေမယ့် အင်တာနက် စစပေါ်ချင်းတုန်းက မြန်မာဖောင့်ကို အထောက်အကူမပေးလို့ ဖတ်ရတာသိပ်အဆင်မပြေခဲ့… PDF format နဲ့ပဲ ဖတ်ဖြစ်တာများခဲ့တယ်။

နောက်ပိုင်းတော့ ရတနာသိုက်ကြီးတစ်ခုပေါ်လာတာပေါ့… အဲ့ဒါကတော့ အချစ်တက္ကသိုလ်ဆိုတဲ့ Forum ပါ… အခုထိလည်းရှိပါသေးတယ်။ ကျွန်တော့် အာသာပြေ website ထဲက အပြာစာအုပ်အချို့ ကလည်း အချစ်တက္ကသိုလ်ကနေ ပြန်လည်ကူးယူထားတဲ့ အပြာစာအုပ်တွေပဲဖြစ်ပါတယ်။ အချစ်တက္ကသိုလ်က အပြာစာအုပ်တွေက ကောင်းလွန်းလှတယ်… ရေးတဲ့ဆရာတွေအားလုံးကလည်း တကယ့် ဆရာ့ဆရာတွေကြီးပဲ…ဖတ်လိုက်တာနဲ့ ရင်ထဲမှာ ကာမဆန္ဒတွေ တဝုန်းဝုန်းကို တောက်လောင်သွားအောင် ရေးပေးနိုင်လွန်းတယ်… ဆရာ ကမ္ဘာကျော်ဝင်းထိန်တို့.. ဆရာ Chan Ko တို့ရဲ့လက်ရာတွေဟာ ရသမြောက်လွန်းတယ်… အခုနောက်ပဲထွက်လာတဲ့စာအုပ်တွေလိုမဟုတ်ဘူး…စေတနာနဲ့ကိုရေးသားခဲ့ကြတာ… ဇာတ်ကြောင်းပုံဖော်သွားတာက အစ ပြောင်မြောက်လွန်းတယ်… ဆရာတို့အားလုံးကို လေးစားကြောင်း ဆရာတို့ရဲ့လက်ရာတွေကိုထပ်မံဝေမျှခွင့်ရတဲ့အတွက် လည်း ဝမ်းသာကြောင်း ဒီကနေပြောချင်ပါတယ်.

အဲ့ဒီနောက် Social media ခေတ်မှာတော့ Facebook ပေါ်မှာ အပြာစာအုပ်တွေတက်လာတယ်… ပိုမိုလည်း မျှဝေရတာလွယ်လာတယ်.. ဒါပေမယ့် page တော်တော်များများက ခနခန ဖြုတ်ချခံလာရတယ်… အဲ့ဒီနောက်ပိုင်းတော့ ကျွန်တော်တို့ အာသာပြေလိုပဲ website တွေ ပေါ်မှ အပြာစာအုပ်တွေ ပြန်တင်ပြီး Facebook ပေါ်မှာပြန်ရှဲကြတာတွေ ခေတ်စားလည်းတယ်…. အပြာစာအုပ်အသစ်တွေလည်းပေါ်လာတယ်.. ဒါပေမယ့် ရသမြောက်တာတွေတော့ ရှားသွားတယ်။

ကျွန်တော် အာသာပြေ website ပရိတ်သတ်ကို တစ်ခု သတိပေးချင်တာက အပြာစာအုပ်တွေ အပြာဇာတ်ကားတွေမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေက ရသမြောက်ဖို့အတွက် အချို့နေရာတွေမှာ အပြင်လောကမှာ မဖြစ်နိုင်တဲ့ ပုံစံတွေ အနေနဲ့ ပုံဖော်ထားတာရှိပါတယ်။ အဲ့ဒီအတွက် ဒီ အပြာစာအုပ်တွေ အပြာဇာတ်လမ်းတွေကို ဖတ်ရှု ကြည့်ရှု ပြီး အပြင်လောကမှာပါ လူတွေက အဲ့ဒီလိုမျိုး ခံစားတတ်တယ် အဲ့ဒီလိုမျိုး လိင်ကိစ္စကို လက်ခံတယ် ဆိုတာမျိုး မှတ်ယူခြင်းမပြုဖို့ လိုပါတယ်။ ရသတစ်ခုကို ရသအနေနဲ့ပဲခံစားပါ။ အပြင်လောကမှာ လိုက်ပြီး ပုံဖော်မကြည့်ပါနဲ့.လို့ အကြံပေးပါရစေ….

အာသာပြေ website မှာလည်းနောက်ပိုင်း ဟိုးယခင်က ရှိခဲ့တဲ့ အပြာစာအုပ်တွေကို ပြန်လည်ရှာဖွေမျှဝေပေးဖို့အစီအစဉ်ရှိပါတယ်။ အာသာပြေ ကို အားပေးကြတဲ့ ညိုကီတွေအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ ဆက်ပြီး မျှဝေသွားပါဦးမယ်.

အာသာပြေမှာတင်ထားတဲ့ အပြာစာအုပ်တွေကို ဒီနေရာကို နှိပ်ပြီး သွားရောက်ဖတ်ရှုအားပေးနိုင်ပါတယ်။

အာသာပြေ အက်ဒမင်